တောင်ကြီး ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၇)နာရီခွဲက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးဝင်းအတွင်း၌ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ချုံ၊ နွယ်၊ မြက်ပေါင်းပင်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် စဝ်စံထွန်းရပ်ကွက် သဲကျင်းဂူအနီးရှိ အများပြည်သူအပန်းဖြေစရာ နေရာများဖြစ်ကြသော ရှုခင်းသာပန်းခြံ၊ မြကန်သာ ပန်းခြံ ဓာတ်ပုံနှင့်ပန်းချီပြခန်းနှင့် တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် ဝဋ်ကြွေးကြေဘုရားရှိ တောင်ပေါ်မှ သာယာလှပသောစိုက်ခင်းများ၊ ရှုခင်းများကိုခံစားနိုင်ရန် view pointတို့ကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)