သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေဆောင်ရွက်
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းတုသတင်းမှားများကို နားမယောင်မိစေရန်နှင့် သတင်းအမှန်များ သိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကား”လက်ကမ်းစာစောင်များကို ၂၃-၂-၂၀၂၄ ရက်နေ့နံနက်(၁၁း၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်း အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်းမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများအား ချီးမြှင့်ပေးအပ်
Feb 25,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့သည်။
ဒဂုံတက္ကသိုလ်တွင် ဘာသာရပ်ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ် ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဘေးနှစ်ဘက်တွင် ၂၃-၂-၂၀၂၄ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Feb 25,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ကြက်ခြေနီအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂ဝ၂၄ ခုနှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
မတ္တရာမြို့မစျေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ခြင်းများ ဇာတ်တိုက်လေ့ကျင့်
Feb 25,2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးသတ်ယာဉ်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ၂၃-၂-၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီက မတ္တရာမြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှမ်းထမနဲ စတုဒီသာပွဲ ကျင်းပ
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှမ်းထမနဲ စတုဒီသာပွဲကို  ယမန်နေ့ တပို့တွဲလပြည့်နေ့ နံနက် ၈  နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအား သွားရောက်လှူဒါန်း၊ ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ကွင်းဆင်းစစ်ဆေး၊ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်
Feb 25,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ပေါ်ရှိ ဘာသာရေးကျောင်းများသို့ သွားရောက်ပြီး ဆုတောင်းမေတ္တာပို့သမှုခံယူကာ လှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ကြသည်။
ကော့မှူးတွင် ဘေးအန္တရာယ်ကင်း ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Feb 25,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ကြီးကြပ်လမ်းညွှန်မှုဖြင့် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာအုပ်စု သီရိဗလစေတီတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။