ပုဇွန်တောင် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှမ်းထမနဲ စတုဒီသာပွဲကို ယမန်နေ့ တပို့တွဲလပြည့်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ နှမ်းထမနဲစတုဒီသာပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ယနေ့ထိ နှမ်းထမနဲ လေးပြည် (တစ်ဒယ်)လျှင် ငွေကျပ် ၃၀၀၀၀(ကျပ်သုံးသောင်း)နှုန်းဖြင့် ခုနှစ်ရက်သားသမီးအလှူရှင်များက လှူဒါန်းသည့် နှမ်းထမနဲ ဒယ်ပေါင်း (၁၄၀)အား မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများနှင့် ဘုရားဖူးလာ ပြည်သူများအား စတုဒီတာကျွေးမွေးခြင်းကို တနင်္ဂနွေဘုရားရောင်တော်ဖွင့်နှင့် သန့်ရှင်းရေးအသင်းဝင်များမှ လုပ်အားကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယနေ့ တပို့တွဲလပြည့်နေ့တွင် နှမ်းထမနဲစတုဒီသာအား ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ဝန်ထမ်းများမှ ကုသိုလ်ပြု လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်