မြိတ်မြို့တွင် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ
Feb 25,2024
(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကန်ဖျားရပ်ကွက်ရှိ ရာမညမွန်ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ(၂၅)ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြပြီး အခမ်းအနားကို မွန်အမျိုးသားအလံတော်အား တက်ရောက်လာကြသည့် မွန်တိုင်းရင်းသား/သူများက ဦးညွတ်အလေးပြု ဖွင့်လှစ်ခဲ့ကြသည်။