ကော့သောင်းမြို့တွင် (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟစာပြန်စာမေးပွဲ အလှူတော်‌‌ငွေပေးအပ်ပွဲနှင့် စာပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ကော့သောင်း ဖေဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာပရိယတ္တိစာပြန်စာမေးပွဲ အလှူတော်ငွေပေးအပ်ပွဲနှင့် စာပြန်စာမေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ တပို့တွဲလပြည့်ကျော် (၁)ရက်နေ့ နံနက်(၉)နာရီက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သံဃနာယကဆရာတော်ကြီးများ၊ စာချ၊ စာမဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စာပြန်ပွဲဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တရားနာပရိသတ်တို့က ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးကိုကိုနိုင်က သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့ပြီး (၂၂)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှ လှူဒါန်းငွေများအား ပရိယတ္တိသာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးကျော်သူက လက်ခံ၍ အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များ‌ ‌ပေးအပ်ခဲ့သည်။

ထို့နောက် ရတနာမာန်အောင်ကျောင်း ပဓာနနာယက၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် ဆရာတော်ဘဒ္ဒန္တပညာဇောတမှ ရေစက်ချအနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုအတွက် သာဓုခေါ်ဆို၍ အမျှပေးဝေခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များ၊ စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)