ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့များ ဈေးကောင်းရရှိ

ရေဖြူ ဖေဖော်ဝါရီ ၂၃

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ နှစ်ရှည်သီးနှံပင်ဖြစ်သောရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုဠ်ကို အဓိကထားစိုက်ပျိုးကြကြောင်းသိရသည်။ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသည် သီဟိုဠ် စိုက်ပျိုးရာ တစ်နိုင်ငံလုံးတွင် သီဟိုဠ်ပင်ဧကအများဆုံးစိုက်ပျိုးထားသောကျေးရွာဖြစ်သည်။

ယခင်နှစ်က အထွက်နှုန်းကောင်းပြီး တစ်ပိဿာဈေးမှာ ၅၀၀၀ ကျော်ဝန်းကျင်ရှိလာရာ မနှစ်ကထက် ရာသီထက် သီဟိုဠ်စေ့ တစ်ပိဿာဈေးမှာ ၁၀၀၀ ကျပ်‌ကျော် ပိုတိုးလာသည်အထိ ဈေးရရှိနေကြောင်း သိရသည်။

“မနှစ်က ဈေးကကောင်းပေမယ့် သီဟိုဠ်ရာသီမှာ ပန်းပွင့်ချိန်၌ နှင်းထူတပ်ကာ ထားဝယ်အခေါ် နှင်းခါးကျဆင်းတာရယ်၊ မိုးရွာတာရယ်ကြောင့် အသီးတင်မှု နည်းပါးကြောင်း" သီဟိုခြံပိုင်ရှင် ဒူးတောင်ရွာသားတစ်ဦးကပြောသည်။” နှစ်တိုင်း အချိန်တစ်ထောင်ကျော်ရတယ်၊ ဒီနှစ်တော့ ဈေးကောင်းလို့ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း" ဧကနိကျေးရွာက ဦးမောင်စိုးကပြောသည်။

ရေဖြူဒေသထွက် သီဟိုဠ်စေ့များကို ထားဝယ်မြို့ပွဲရုံများသို့ ရောင်းချကြပြီး ထားဝယ်မြို့ သီဟိုဠ်လုပ်ငန်းရှင်များက သီဟိုဠ် အစေ့အဆံများကို စားသောက်ဖွယ် တစ်မျိုးအဖြစ် ထုတ်လုပ်၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)