ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြိုနယ်၊ ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပရာ ဇေယျာသီရိမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်း၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ကျည်တောင်ကျေးရွာအုပ်စုနှင့် စည်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးခိုင်မင်းထွန်းနှင့် ဇေယျာသီရိမြိုနယ် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)