ပေါင်းတည် ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်အထွက်နှုန်း ရရှိအောင်မြင်ရေးအတွက် နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေမှ တောင်သူများအား စိုက်ပျိုးထုတ်လုပ်စရိတ် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အတိုးနှုန်းသက်သာစွာဖြင့် ထောက်ပံ့စရိတ်ငွေပေးအပ်ရာ၌ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် ကျေးရွာအုပ်စု ၁၄ အုပ်စုမှ နွေစပါးစိုက်ဧက ၁၂၀၀ အတွက် ၁ ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ကျပ်ငွေ သိန်းပေါင်း ၂၄၀၀ ကို ၁၀၀ ကျပ်လျှင် အတိုးနှုန်း ဒဿမ ၅၀ ကျပ်နှုန်းဖြင့် သက်သာစွာထုတ်ချေးကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးသီးနှံပေါ်ချိန်အထိ ၆ လကာလ ထောက်ပံ့ချေးငွေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက တောင်သူများအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)