ပေါင် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်က မိုးနိုင်းရပ်ကွက်နှင့်ကျုံကကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဆေးထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်က နွေရာသီမရောက်ခင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိုးနိုင်းရပ်ကွက်နှင့်ကျုံကကျေးရွာအုပ်စုအတွင်းရှိ မွေးမြူထားသောခွေးအကောင်(၇၀)အား ခွေးရူးပြန်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးအား တစ်အိမ်တက်ဆင်းထိုးနှံပေးခဲ့သည်။
ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့်ရောဂါဖြစ်သည်။ ခွေး၊ ကြောင်၊ မြွေပါ၊ ခွေးအနှင့်မြေခွေးတို့တွင် ကူးစက်ပြန့်ပွားတတ်သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)