မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ

မက်မန်း ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို   ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “(၁၁-၃-၂၀၂၄) နေ့တွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်းသူများ ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းများအား စိတ်အနှောက်အယှက်များ မဖြစ်စေရန် အသံချဲ့စက်များမဖွင့်စေရေး၊ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမားရေးစောင့်ရှောက်မှုများပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးရေး၊ ဖြေဆိုမည့်အချိန်တွင် လုံခြုံရေးလုပ်ငန်းများကို သေသေချာချာ ဆောင်ရွက်သွားရန်၊ ဖြေဆိုမည့်ကျောင်းတွင် မီးဘေးလုံခြုံမှုရှိစေရန်အတွက် ကွင်းဆင်းဆောင်ရွက်ရန်နှင့်မြို့တွင်း၌ မီးဘေးလုံ့ခြုံစေရန်အတွက် သန့်ရှင်းရေးများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း”  အမှားစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူးက တက္တသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စည်ပင်သာယာရေးဌာမှ မြို့/ရွာ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်ပြန်/ဆက်)