ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဧည့်စာရင်းတိုင်ကြားရေးနှိုးဆော်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဒေသန္တရအမိန့်အရ ယမန်နေ့က ဧည့်စာရင်းတိုင်ကြားရေးအတွက် ရပ်ကွက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် အများပြည်သူစိတ်အေးချမ်းမြေ့လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် လုံခြုံမှုကိုထိခိုက်အန္တရာယ်ဖြစ်စေမည့် လှုံ့ဆော်မှုများမရှိစေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အခြားနေရာဒေသများမှ ညအိပ်၊ ညနေလာရောက်သည့် ဧည့်သည်များ သက်ဆိုင်ရာရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် အိမ်ရှင်နှင့် လာရောက်တည်းခိုသော ဧည့်သည်များကို ဧည့်စာရင်းတိုင်ကြားရေး ဒေသန္တရအမိန့်ထုတ်ပြန်ချက်များအားနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)