ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးသိန်းအောင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် ဖေဖော်ဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါစစ်ဆေးရာတွင် "ဇွဲပြည့်ဇော်"ကုမ္ပဏီမှ ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာ အ.မ.က(လက်ပံပု)ကျောင်း၊ ကျောင်းဆောင်သစ်(၆၀ x ၃၀) Steel Structure (၁၀၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊  "အောင်ဟိန်းဇော်" ကုမ္ပဏီမှ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွာသာယာ-နွားခြံကုန်း-မြို့မလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများ၊ "ဇွဲပြည့်ဇော်"ကုမ္ပဏီမှ  ရွှေတောင်မြို့နယ်၊ သာစီကုန်းကျေးရွာအုပ်စု၊ ဖုန်းဆိုးကျေးရွာအ.မ.က(ဖုန်းဆိုး) ကျောင်းဆောင်သစ်(၆၀ x ၃၀) Steel Structure(၁၀၀)ရာခိုင်နှုန်း ဆောက်လုပ်ပြီးမှုအခြေအနေများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)