ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ငပုတော ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီအချိန်က မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရာဇာစိုး၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မြတ်မော်တင်စွန်းဘုရားပွဲတော် ဖွင့်ပွဲကျင်းပနိုင်ရေးအတွက် ကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် စီစဉ်ဆောင်ရွက်ထားရန်ကိစ္စရပ်များ၊ ကျေးရွာသန့်ရှင်းသာသာလှပစေရေး၊ မီးဘေးအန္ဆရာယ်ကင်းဝေးစေရေး၊ စိုက်ဘဏ်ကြွေးများ ပြန်လည်ပေးသွင်းနိုင်ရေး နှင့်လိုအပ်သည်များ ကိုဖြည့်စွက်မှာကြာသည်။

ဆက်လက်ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူးရာဇာစိုးက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြည်သူမျာ စနစ်တကျနားလည်သိရှိစေရန်၊ အကြမ်းသမားများ၏ မရှိစေရေးနှင့် နယ်မြေအေးချမ်းသာယာစေရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လိုအပ်ချက်များတင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)