မုံရွာ ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကဏ္ဍစုံမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာခြင်းနှင့်အတူ တိုင်းဒေသ ကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများလည်း စီးပွားရေးကွင်း ဆက်အလိုက် ကျွဲကူးရေပါဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များ ဆောင်ရွက်လာစေရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိပြီးသည့်နောက်ပိုင်း Investment After Care Services ကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လာသည်နှင့်အမျှ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဆောင်ရွက်လာကြမှာဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆက်စပ်သည့် အပေါင်း အဖော်လုပ်ငန်းရှင်များအား သတင်းကောင်းပေး ဖိတ်ခေါ်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ပါဝင်စားသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ဆွဲဆောင်ရေးနှင့် ဝင်ရောက်ပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လုပ်ငန်းစဉ်များအား လွယ်ကူချောမွေ့အောင် တာဝန် ရှိသူအားလုံးမှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် စစ်ကိုင်းစက်မှုဇုန်တွင် ဆိုင်ခန်း များတည်ဆောက်ခြင်းနှင့် ငှားရမ်းခြင်းဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သုံးထပ် စက်ဝိုင်း စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက် (Triple Circle Industry C0,Ltd)မှ လုပ်ငန်းရည်ရွယ်ချက် ပြောင်းလဲဆောင်ရွက်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်အကြံ ပြု ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)