ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၉
ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဖေဖော်ဝါရီလ (၂၉)ရက် နံနက်ပိုင်းက သီရိဟေမာအနောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးသိန်းမင်းထွေး ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ် ၆ နယ်မြေရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် စောလင်းထက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချမ်းသာတို့က ရပ်ကွက်အတွင်း အကွက်အမှတ် ( ၂၂၇၊၂၂၈၊၂၂၉) တို့ရှိ အိမ်ခြေ ၂၀၀ ခန့်အား မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်