ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှု

တောင်ကြီး မတ် ၁၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ စတုတ္ထနေ့ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါတက္ကသိုလ်ဝင်တန်း စာမေးပွဲစတုတ္ထနေ့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ သိပ္ပံတွဲဓာတုဗေဒဘာသာရပ်၊ ဝိဇ္ဇာတွဲပထဝီဝင်ဖြေဆိုသူ ရာခိုင်နှုန်း(၉၇.၅၀%)နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဓာတုဗေဒ၊ ပထဝီဝင်ဘာသာရပ်ဖြေဆိုသူ(၄၉၃)ဦးရှိကြောင်း သိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)