နောင်ချို မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုကျင်းပလျက်ရှိရာ သင်္ချာဘာသာရပ်တွင် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၄၉၄)ဦး ဖြေဆိုခဲ့ကြကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၃၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲဖြေဆိုအပြီး စာမေးပွဲခန်းမှထွက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အချိုရည်နှင့်မုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)