စဉ့်ကူး မတ် ၁၄
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ တတိယမြောက်နေ့အဖြစ် ယမန်နေ့နံနက် (၉)နာရီမှစ၍ သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အားဖြည့်အချိုရည်များ ပေးဝေခဲ့သည်။
ယမန်နေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်အားဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျေင်းသား (၉၃) ဦးနှင့် ကျောင်းသူ (၁၄၇)ဦး စုစုပေါင်း (၂၄၀) ဦး ရှိပြီး ဖြေဆိုသူကျောင်းသား (၈၅) ဦးနှင့် ကျောင်းသူ (၁၄၀)ဦး စုစုပေါင်း (၂၂၅) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၇၅)နှင့် ပျက်ကွက်ရာခိုင်နှုန်း (၆.၂၅) ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)