မဟာအောင်မြေ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်း၌ (သရဝဏ်)စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်ဖွင့်ပွဲကို ပဋ္ဌမရွှေအင်ပင်ကျောင်းတိုက်ဆရာတော် ဉူးကေသရက အန္တရာယ်ကင်းပရိတ်တရားတော်များဖြင့် ရွတ်ဖတ်ပူဇော်၍ အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဉီးမိုးပြာအောင်က ကြီးကြပ်၍ မြို့နယ်ပညာရေးရေးမှူး ဉီးလွမ်းဇေ၊ ရပ်ကွက်နေပြည်သူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။း ရုပ်ရှင်သရုပ်ဆောင် ဉီးမင်းအုပ်စိုး၊ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဇူးမြတ်ထက်တို့မှ ရဟန်းရှင်လူ၊ အများပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ဝါသနာရှင်များအား စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့်အလေ့ အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ သုတ၊ ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်စသည့် စာအုပ်ပေါင်း (၅၂၁)အုပ်အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်ထားသည့် (သရဝဏ်)စာကြည့်တိုက်သို့ မည်သူမဆို အစိုးရရုံးပိတ်ရက်များမှအပ (အခမဲ့) လာရောက်ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် စာအုပ်စာပေများလည်း လာရောက်လှူဒါန်းနိုင်ကြောင်းသိရသည်။
အောင်ဇော်မင်း