ကွမ်းခြံကုန်း မတ် ၂၄
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးက ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယခုလိုသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခြေခံအင်္ဂလိပ်စာအခြေခံသင်တန်းကိုသင်ကြားပို့ချရာ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတက်ရောက်ခဲ့ပြီ သင်တန်းကာလမှာ မတ်လ (၂၂)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့အထိ နံနက် (၁၀)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆွေနွယ်(ပြန်/ဆက်)