ကော့သောင်းမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၅၁) သင်တန်းဆင်းပွဲပြုလုပ်

ကော့သောင်း မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သောဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်း၊ အမှတ်စဉ်(၅၁)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်း တွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးလွှမ်းမိုးနှင့် ကော့သောင်းရုံးခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးလွင်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး သင်တန်းတွင်လာရောက်ပို့ချသင်ကြားပေးသော ပြင်ပ ပညာရှင်များ၊ ဝါရင့်ဧည့်လမ်းညွှန်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။

ထို့နောက်သင်တန်းတွင် ဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြေားကြားခဲ့သည်။ အဆိုပါဒေသဆိုင်ရာ ဧည့်လမ်းညွှန်သင်တန်းအား ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရေးကိုအထောက်အကူပြုပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်‌ငွေပိုမိုရရှိလာခြင်း၊ လူနေမှုအဆင့်အတန်းမြှင့်မား‌လာစေခြင်းတို့အတွက်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ရက်သတ္တ(၄)ပတ်ကြာစာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)