ကြံခင်း ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက် ပညာဆီမီးဓမ္မာရုံကျောင်းအတွင်း စတင်ကျင်းပခဲ့သည်။
စာမေးပွဲမကျင်းပမှီ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပရာ ပထမကြီးတန်း(၃)ပါး၊ ပထမလတ်တန်း(၅)ပါးနှင့် ပထမငယ်တန်း(၈)ပါး၊ အခြေပြုမူလတန်း(၁၅)ပါး စုစုပေါင်း(၃၁)ပါးတို့ ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် ကြီးကြပ်ဆရာတော်သံဃာတော်(၁၃)ပါး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြပြီး အဆိုပါအစိုးရပါဋ္ဌိပထမပြန်စာမေးပွဲကို ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)