ကျောက်တံတား ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေး အကြိုမြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်က ကျင်းပသည်၊၊
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၄ခုနှစ် ဓမ္မာစရိယစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်များက ကော်မတီများအလိုက် ယိမ်းအကများ စီစဉ်ရေး၊ စတုဒီသာများကျွေးမွေးဧည့်ခံရေးအတွက် ဆွေးနွေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အထွေထွေလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်၊၊
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသီးသီးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်၊၊
မြို့နယ် (ပြန်/ဆက်)