မုံရွာ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ထပ်ဆင့်ရှင်းလင်းပွဲကို ဧပြီလ ၂ ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဌာနမှူး(စီမံ) ဦးဇော်ခင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မှ ဌာနမှူး(စီမံ) ဦးဇော်ခင်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဝန်ထမ်းမိသားစုများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ခင်မင်ရင်းနှီးသည့် ပြည်သူများ စုစုပေါင်း (၇၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး (ပြန်/ဆက်)