စဉ့်ကူး ဧပြီ ၈
နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းပီပီ အလုပ်အကျွေးပြုနိုင်ရန် မွန်မြတ်သော ရည်ရွယ်ချက်များဖြင့် တပ်မတော်သို့ ဝင်ရောက်လာသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများ၏ အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၇)နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ အမှတ် (၂) စစ်အခြေခံလေ့ကျင့်ရေးတပ် စစ်ရေးပြကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်မင်းမင်းထွန်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲသို့ သပိတ်ကျင်းတပ်နယ်မှ အရာရှိကြီးများ၊ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)