ကြံခင်း ဧပြီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကြံခင်းမြို့နယ်၊ ကြံတောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက် (၃) ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးရှိဝန်ထမ်းများက ကြံတောကျေးရွာအုပ်စုနေ ပြည်သူများတွင် (နိုင်) မရှိသူများ တစ်ဦးချင်းအလိုက် အကွက်အပေါက်များစိစစ်ခြင်း၊ မြေပြင်ကွင်းဆင်းကောက်ယူခြင်းမှ အလွတ်အထစများစိစစ်၍ လုပ်ထုံးလုပ်နည်းများနှင်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)