ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲဆဋ္ဌမနေ့ဖြေဆို

ကော့သောင်း ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ထိ ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ကျင်းပလျက်ရှိရာ ဆဋ္ဌမနေ့အဖြစ် ပထမလတ်တန်းများက ဘာသာပြန်ဘာသာ၊ ပထမကြီးတန်းများက ပဋ္ဌာန်းကုသလတိက်ဘာသာတို့ကို ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး  ယနေ့ဆဋ္ဌမ‌နေ့တွင် ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီးမှ စာဖြေသံဃာများဖြစ်ကြသည့် ပထမလတ်တန်း (၂၂) ပါး၊ ပထမကြီးတန်း (၈) ပါးဖြေဆိုခဲ့ကြရာ ပထမလတ်တန်းများက ယနေ့တွင် စာမေးပွဲဖြေဆိုပြီးစီးမည်ဖြစ်ပြီး ပထမကြီးတန်းများက ဘာသာပြန်ဘာသာကို ‌ဧပြီ (၉) ရက်နေ့တွင် ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)