ကြံခင်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား သိရှိစေနိုင်ရန်နှင့် (MEVM) စက်များဖြင့် မဲပေးစနစ်သည် ရိုးရှင်းပြီး လုံခြုံစိတ်ချမှုရှိသလို အချိန်တိုအတွင်း မဲအရေအတွက်များကို မှန်ကန်တိကျစွာ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်းအား အဖွင့်အမှာစကား ပြောကြားပြီး၊ ဟင်္သာတခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက မြန်မာအီလက်ထရောနစ်စက် (MEVM) ကို အသုံးပြု၍ မဲပေးမှု အဆင့်ဆင့်အား (Power Point) ဖြင့် ပြသရှင်းလင်း ပြောကြားပါသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၅)အုပ်စုမှ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရှင်းလင်းပြသ ကြီးကြပ်ပေးခဲ့ကြောင်းနှင့် မဲဆန္ဒရှင် ပြည်သူ (၅၀၀) ဦးခန့် တက်ရောက် လက်တွေ့စမ်းသပ် မဲပေးခြင်းအား လေ့လာဆောင်ရွက်ခဲ့ကြပြီး၊ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်စက်ဖြင့် စမ်းသပ်မဲပေးခြင်းနှင့်ပတ်သက်၍ အကြံပြုချက်များ ရေးသွင်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)