မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်လှစ်
Feb 20,2024
မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အမှုထမ်းများလုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးရုံးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး၊ မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။