သတင်းများ

လေးမျက်နှာမြို့နယ် (အ.ထ.က) အိုင်သပြုကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းပြုလုပ်
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ (အ.ထ.က) အိုင်သပြုကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့သည်။
မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Aug 15,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် မူလွန်(ဝယ်သွန်​ချောင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာဟောပြောပွဲ ပြုလုပ်
Aug 15,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်အသိပညာ​ပေး​ဟောပြောခြင်းနှင့် နံရံကပ်စာ​စောင်ပြသခြင်းကို ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ တိုးတက်ခိုင်မာအားသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး တိုးတက်ခိုင်မာသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်း အသိပညာပေးဟောပြောပွဲကို အခြေခံမူလတန်း‌ကျောင်း နမ့်ပါကျောင်းတွင် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Aug 15,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ မူဆာတန်း အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေး‌ဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
Aug 15,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဩဂုတ်လ(၁၄)ရက်နေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံအခြေစိုက် AEON Co.,Ltd မှ ငလျင်ဘေးသင့် ဒေသများသို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်အဖွဲ့အား  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 15,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇)နာရီက ကျင်းပသည်။
ပင်လုံမြို့၌ ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့အခြေခံပညာမူလတန်းလွန်ကျောင်း(ကျူရုံးကျေး)၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ပါသည်။