သတင်းများ

ဟိုမိန်းမြို့၌ မြေလွှဲလျှောက်ထားမှုအား တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်
Jun 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီက မြို့မြေလွှဲမိန့်လျှောက်ထားသည့် မြေကွက်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
Jun 09,2025
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်းတွင် အမ်ဗွီရဲထွန်းအောင်(၁)သင်္ဘော၊ အမ်ဗွီအောင်ရတနာသီရိ(၁)သင်္ဘော၊ အမ်ဗွီအောင်ရတနာဌေး သင်္ဘောနှင့်အမ်ဗွီမင်းခန့်ဖြိုးသင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဟုမ္မလင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jun 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ စာ‌ဖြေဌာနတွင်၊ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာ‌တော်များအား၊ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး၊ လိုင်စင်မဲ့ မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များ ရောင်းဝယ်မှုမရှိစေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်
Jun 09,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းတရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့မှ ဦးဆောင်ပြီး တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့ဝင်/ထွက်စစ်ဆေးရေး ဂိတ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၈)လမ်းမကြီး(ဘိုကလေး-စက်ဆန်းလမ်းဆုံ)တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ်မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်စေရေး တာဝန်ရှိသူများ လိုက်လံနှိုးဆော်
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်‌နေ့မှ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်စေရေးအတွက် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက ကျောင်းနေအရွယ်ကလေးများရှိသည့် နေရာများအရောက် ကွင်းဆင်း၍ လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့၌ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ
Jun 09,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၃၃၁) ခြေမြန်တပ်ရင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၊ ဒူးယားအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာပေးလုပ်ငန်းများကို ယနေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။