ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဆိပ်ဖြူ သြဂုတ် ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇)နာရီက ကျင်းပသည်။

အဆိုပါ အခမ်းနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ တက်ရောက်အားပေးသည်။

ရှေးဦးစွာ မူလတန်းအဆင့် ဗိုလ်လုပွဲ ကျင်းပယှဉ်ပြုင်ကစားကြပြီး ဒုတိယပွဲစဉ်အဖြစ် အလယ်တန်းအဆင့် ဗိုလ်လုပွဲတို့ကို ကျောင်းသားများ ယှဉ်ပြိုင်ကစားကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုတို့က အခြေခံပညာကျောင်းပေါင်းစုံ U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ အနိုင်ရရှိသည့် အသင်းများအား တံခွန်စိုက်ဆုဖလားနှင့် ဆုများချီးမြှင့်ပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အကောင်းဆုံးအသင်းအလိုက် အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)