သံဖြူဇရပ်မြို့နယ် မူလွန်(ဝယ်သွန်​ချောင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာဟောပြောပွဲ ပြုလုပ်

သံဖြူဇရပ် ဩဂုတ် ၁၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်အသိပညာ​ပေး​ဟောပြောခြင်းနှင့် နံရံကပ်စာ​စောင်ပြသခြင်းကို ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်မွန်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်​အေး​အေးသီက စာဖတ်ရှိန်မြှင့်တင်‌ရေးအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးပြု​စေရေး ကျောင်းစာကိုကြိုးစားသင်ယူရင်း  အားလပ်သည့်အချိန်တွင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရေးနှင့် ​ကျောင်းစာကြည့်တိုက်ကို အသုံးပြုတတ်​စေရေး ဟော‌ပြောဆွေးနွေးသည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပုံပြင်/ကာတွန်းရုပ်ပြများနှင့် အသိပညာ​ပေးနံရံကပ်စာ​စောင်ကို ​ကျောင်းသား​၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှု​လေ့လာခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)