သတင်းများ

လှည်းကူးမြို့နယ်၌ ပိုးသတ်ဆေး၊ဓာတ်မြေဩဇာ၊ မျိုးစေ့ဆိုင်ရာရှင်းလင်းခြင်းနှင့်တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်
Jun 09,2025
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး ၌ပိုးသတ်ဆေး၊ဓာတ်မြေဩဇာ၊မျိုးစေ့ဆိုင်ရာ ရှင်းလင်းခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံမြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာများ ဖော်ထုတ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 09,2025
ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပြည်နယ်အတွင်း ဖူဆယ်အားကစား ပိုမိုနည်းစနစ်ကျပြီး တိုးတက်မြင့်မားလာစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးမည့် AFC Futsal Level-1 Coaching Certificate Course 2025 သင်တန်းဖွင့်ပွဲကို ဇွန် ၈ ရက် ညနေ ၅ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jun 09,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနသို့ကွင်းဆင်းစစ်ဆေး
Jun 09,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုမည့် စာစစ်ဌာန (အ.ထ.က- ၁ ကန့်ဘလူ) သို့ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် တာဝန်ရှိသူများက ဇွန် ၉ ရက်နံနက် ၁၀ နာရီ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းပြုလုပ်
Jun 09,2025
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာနတွင် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာ၊အတတ်ပညာ မြင့်မားပြီး အတွေးအခေါ်၊အယူအဆများ မှန်ကန်လာစေရန် ရည်ရွယ်လျက် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်အဖြစ် စာရေးဆရာအောင်သင်း၏ နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက လူငယ်စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ စုပေါင်းဆောင်ရွက်
Jun 09,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက Training Course On Town Land Survey No-16 သင်တန်းဖွင့်ပွဲ ကျင်းပ
Jun 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက Training Course On Town Land Survey No-16 သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက တိုက်ကြီးမြို့နယ်၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်
Jun 09,2025
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာ စောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉ နာရီက အ.မ.က ရွာသာကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။