သတင်းများ

ကျောင်းကုန်းမြို့နယ်ပညာရေးမှူး ရုံးသစ်ဖွင့်ပွဲကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်ကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ ကော်မတီဝင်ဦးတင်မောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူး တာဝန်ခံ ဦးဆန်းဝင်းနှင့် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဟိုပုံးမြို့နယ်၌ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကုန်းကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်(ယာယီရုံးခွဲ)ဖြစ်သော မြစ်သားမြို့နယ် မြို့မ KC စင်တာတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ အဓိကသီးနှံ (၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိ‌ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နက်ပိုင်းက အဆိုပါ နွားထိုးကြီးမြို့နယ် (ယာယီရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ကျင်းပ
Aug 15,2025
ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မက်မန်းမြို့တွင် ရာဂီမုန်တိုင်းကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်ကြောင့် မိုးစပါးဧကပျက်စီးသွားသည့် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မက်မန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်း အခမ်းအနားပြုလုပ်
Aug 15,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးညှိနှိုင်းအစည်းအဝေး၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အ.ထ.က(ငွေဆောင်)၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ( Grade – 12) အောင်မြင်ခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ငွေဆောင်)၌ ပညာသင်ကြားခဲ့ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် စာမေးပွဲအောင်သော ကျောင်းသား/သူများမှ ဧည့်ခံကျွေးမွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်
Aug 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။