သတင်းများ

ဝေါမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကျင်းပ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/သူများ ကျောင်းပိတ်ရက်များတွင် စာအုပ်စာစောင်များလာရောက်ငှားရမ်းဖတ်ရှုနိုင်စေရန် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စာအုပ်ပြပွဲကျင်းပခြင်းအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကပြုလုပ်ကျင်းပရာ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက်များတွင် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစတင်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင်(၁၁၃၄၄)ဧကလျာထားစိုက်ပျိုးမည်
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းရေလှောင်တမံမှဆည်ရေများကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစတင်ပေးဝေခဲ့ရာ ‌တောင်သူများမှနွေစပါးသီးနှံကိုစတင်စိုက်ပျိုးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် (၁၁၃၄၄)ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုင်းလပ်မြို့ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယ‌မန်နေ့ နေ့လယ် (၁) နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်က မြို့မရပ်ကွက်၊ ဗိုလ်ရုံလမ်းရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များအနေဖြင့် စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၄)ရက်နေ့ မွန်းလွဲ(၃) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး အသိပညာပေးနှိုးဆော်
Feb 16,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူ များ မီးဘေးအန္တရာယ်ကင်းဝေးစေရေးရည်ရွယ်၍ ယမန်နေ့ညပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့သည်။
ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍအဆင်ပြေပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုကြောင့် နွေစပါးများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာ
Feb 16,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ချောင်းပိတ်၊ မြောင်းပိတ်နှင့် ဆည်ရေသောက်စနစ်များဖြင့် နွေစပါးစိုက်ဧက(၆၃၈)ဧက စိုက်ပျိုးရန်လျာထားပြီး ယခုအခါ(၁၃၇၆)ဧက စိုက်ပျိုးပြီစီးပြီးဖြစ်၍ လျာထားဧကထက် (၇၃၈)ဧကကို တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့သည်။