ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး ဌာနဆိုင်ရာရုံးများ၌ လိုက်လံစစ်ဆေးခြင်းဆောင်ရွက်

ဒဂုံတောင် ဖေဖော်ဝါရီ ၁၆

ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ပြည်သူများ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်‌ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၆၄)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေးပေးပြီး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး အကြံပြု‌ကြောင်းသိရသည်။

ထိုသို့ အသိပညာပေးစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနိုင်ပါဝင်သောအဖွဲ့က (၆၄)ရပ်ကွက် ပြည်ထောင်စုလမ်းမရှိ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အသိပညာပေး‌အကြံပြုကာ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။

သန်းသန်းအေး