သတင်းများ

ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူး သင်တန်းဖွင့်
Feb 16,2024
အခမ်းအနားမှူး တာဝန်ပေးအပ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် အခမ်းအနားမှူး သင်တန်းကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီခန့်က စတင်ဖွင့်လှစ် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
​ရွှေဘိုမြို့စက်မှုဇုန်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်​ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်
Feb 16,2024
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ မီးသတ်ဦးစီးဌာနများမှ ပွင့်လင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးတန်ဖိုး လျှော့နည်းစေရေးတို့အတွက် ပြည်သူများ မီးဘေးသတိ မီးဘေးအသိရှိပြီး မီးကို စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ ယမန်​နေ့ နံနက်ပိုင်းက​ ခရိုင်မီးသတ်ဦးစီးမှူး လက်​ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးတို့သည် ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်အတွင်းရှိ စက်မှုဇုန်မှ တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီးစက်ရုံ (၆)ရုံအား မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် (Fire Safety Certificate) ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် Grade-5၊ Grade-9 စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ
Feb 16,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ Grade-5၊ Grade-9 စာမေးပွဲဖြေဆိုနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက အ.ထ.က(ဂွ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဗဟုသုတမျှဝေခြင်း အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Feb 16,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက စာပေဗဟုသုတမျှဝေခြင်း အသိပညာပေးဟောပြောပွဲနှင့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၂၃) မှ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ဆက်ဆံမှုနှင့် အောင်မြင်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့ခရိုင်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေး ဆောင်းနေကြာ(၂၇၅၈၁)ဧက စိုက်ပျိုး
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆောင်းနေကြာ(၂၇၅၈၁)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
လပွတ္တာမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်ကြေညာခြင်းကို ယမန်နေ့ညပိုင်းက ဆောင်ရွက်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်၊ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား တည်ဆောက်ရေးလုပ်ငန်းခွင်ကြည့်ရှုစစ်ဆေး
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ငပုတောမြို့နယ်၌ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်ဆီကုန်သည်နှင့် ‌ဆီလုပ်ငန်းရှင်များ အသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဌဦးကျော်သူ၊ ခရိုင်စာသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ထွန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု‌ဆောင်အရာရှိဦးတင်ထွန်းလွင်နှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။