လပွတ္တာမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

လပွတ္တာ ဖေဖေါ်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှုလျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်ကြေညာခြင်းကို ယမန်နေ့ညပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေး လှည့်လည်ကြေညာခြင်းကို  မြို့နယ်မီးသတ်ဦးစီးမှူးဦးစိမ်းကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများပူးပေါင်း၍  ပွင့်လင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မီးကိုအထူးဂရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုစေရေး၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိလိုက်နာဆောင်ရွက်စေရေးတို့ကို လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)