ကျောက်ဆည် ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေး ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆောင်းနေကြာ(၂၇၅၈၁)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်၌ ဆောင်းနေကြာသီးနှံများစိုက်ပျိုးရာတွင် ကျောက်ဆည်မြို့နယ်မှ (၁၀၂၆၆)ဧက၊ စဉ့်ကိုင်မြို့နယ်မှ (၁၂၁၃၈)ဧက၊ မြစ်သားမြို့နယ်မှ (၅၁၇၇)ဧက စုစုပေါင်း (၂၇၅၈၁)ဧက စိုက်ပျိုးထားရှိကြောင်းနှင့် ဆောင်းနေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ သိပ္ပံနည်းစိုက် နည်းစနစ်များပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့်မျိုးများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိပ္ပံနစ်ကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက ဆောင်းနေကြာတစ်ဧကတွင် မျိုးစေ့(၄)ပြည်စိုက်ပျိုးရပြီး ကုန်ကျစရိတ်အနေဖြင့် ငွေ (၅၄၄၀၀၀)ကျပ်၊ အထွက်နှုန်းအနေဖြင့် ပျမ်းမျှ(၂၇.၁၁)တင်းထွက်ရှိပြီး ကာလပေါက်ဈေးဖြင့် ပြန်လည်ရောင်းချပါက ငွေ(၁၀၈၄၄၀၀) ကျပ် ပြန်လည်ရရှိသဖြင့် ဆောင်းနေကြာတစ်ဧကတွင် ငွေ(၅၄၀၄၀၀)ကျပ်ရရှိကြောင်း သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် နေကြာစိုက်တောင်သူများထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)