​ရွှေဘိုမြို့စက်မှုဇုန်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်​ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း​​ဆောင်ရွက်

​ရွှေဘို ဖေ​ဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ မီးသတ်ဦးစီးဌာနများမှ ပွင့်လင်းခြောက်သွေ့ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးတန်ဖိုး လျှော့နည်းစေရေးတို့အတွက် ပြည်သူများ မီးဘေးသတိ မီးဘေးအသိရှိပြီး မီးကို စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ ယမန်​နေ့ နံနက်ပိုင်းက​ ခရိုင်မီးသတ်ဦးစီးမှူး လက်​ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့် ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးတို့သည် ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်အတွင်းရှိ စက်မှုဇုန်မှ တည်ဆောက်ဆဲနှင့် တည်ဆောက်ပြီးစက်ရုံ (၆)ရုံအား မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုခြင်းနှင့် (Fire Safety Certificate) ရယူဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံ၊ အလုပ်ရုံ/သို​လှောင်ရုံ အဆောက်အဦးများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားမှုရှိ/မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန်၊ စက်ရုံဝန်ထမ်း အနည်းဆုံး(၃၅) ဦးခန့် သီးသန့်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားရန်၊ မီသတ်​ရေ​လှောင်ကန်များ ထားရှိရန်၊ ခရိုင်/မြို့နယ်မီးသတ် ဖုန်းနံပါတ်များကို မိတ္တူ​ကူး ချိတ်ဆွဲထားရှိရန် စသည့်တို့ကို အသိပညာပေး ပြောကြားပြီး မီး​ဘေးအန္တရာယ် ကာကွယ်နိုင်​ရေးအတွက် လက်​တွေ့ မီးငြိမ်းသတ်နည်းများကို သရုပ်ပြ​လေ့ကျင့်​ပေးခဲ့ပြီး မီး​ဘေးဖြစ်​ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ် စီမံချက်​ရေးဆွဲထားရန်၊ ဆွေးနွေးအကြံပြု စစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)