သာာဝတီ ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသပွဲကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ်က မီးဘေးအန္တရာယ်ကင်းရှင်းရေး ရှောင်ရှားရမည့်နည်းလမ်းများနှင့် မီးဘေးအန္တရာယ် ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောသည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်ခြင်း၊ သရုပ်ပြခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကို မီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများအား ရှင်းလင်းပြသခြင်း၊ လက်တွေ့သရုပ်ပြဇာတ်တိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)