၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် အောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ပင်းတယ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် အောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် အောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်တီဝင်များ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အ.ထ.ကကျောင်းများတွင် Grade-12 သင်ကြားသည့် ဆရာ/ဆရာမမျာအနေဖြင့် ကျောင်းသား/ကျောင်းသူများအား Grade-12ဘာသာရပ်တွဲအလိုက် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ၏ လစဉ်အရည်အချင်းစစ်ဆေးထားသည့် စာမေးပွဲများမှ ရမှတ်စရင်းများအရ အားနည်းနေသည့် ဘာသာရပ်များကို အလေးထားသင်ကြားပေးနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများမှ ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးဂရုပြုနိုင်ရေးအတွက် မိဘအုပ်ထိန်းသူများအား သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ တွေ့ဆုံပြောကြားစေလိုကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း အုပ်ချုပ်ရေးကိစ္စရပ်များနှင့် စာမေးပွဲဖြေဆိုစဉ် ကျောင်းသား/ကျောင်းသူများအား အနှောက်အယှက်ဖြစ်စေနိုင်သည့်ကိစ္စရပ်များပြုလုပ်ခြင်းမရှိစေရန် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာရေးဌာနမှ တက္ကသိုလ်စာမေးပွဲဖြေဆိုနေ သည့်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး မေးခွန်းလွှာများ စနစ်တကျထုတ်ယူနိုင်ရေးနှင့် မေးခွန်းထုတ်ယူမည့်အဖွဲ့၏ လုံခြုံရေးကိစ္စရပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့က ပူးပေါင်း၍ လုံခြုံရေးစီမံချက်များရေးဆွဲပြီး စနစ်တကျဆောင်ရွက်သွားကြရန်နှင့် ရာနှုန်းပြည့်အောင်ချက်မြင့်မားရေးအတွက် ဒေသပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဘာသာရပ်အလိုက်သင်ကြားပေးမည့် ဆရာ/ဆရာမများမှ လိုအပ်ချက်များကို သီးခြားတင်ပြစေ၍ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက အားတတ်သ၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အောင်ချက်မြင့်မားရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း လိုအပ်သည့်ကစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက လိုအပ်သည်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အခြေခံပညာအထက်တန်းကျောင်းပေါင်း (၃၉)ကျောင်းမှ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၇၄၀)ဦး ရှိပြီး စာစစ်ဌာန (၈)ဌာနဖွင့်လှစ်၍ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အောင်မြင်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)