ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှု (Digital Literacy) သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များ ကို ပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချမည့်သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက ဒစ်ဂျစ်တယ်နည်းပညာနှင့် အသုံးပြုပုံများအကြောင်း၊ ကွန်ပျူတာအမျိုးအစားများ၊ Application များအကြောင်း၊ အင်တာနက်ချိတ်ဆက်မှုအကြောင်း၊ ရှာဖွေရေးအင်ဂျင် (Search Engine)များ အကြောင်း၊ မူပိုင်ခွင့်ရှိနိုင်သော Content များအကြောင်း၊ အင်တာနက်ပေါ်ပေါက်လာပုံ၊ Email အမျိုးအစား၊ လူမှုမီဒီယာ (Social Media)အသုံးပြုခြင်းနှင့် ဒစ်ဂျစ်တယ်ခြေရာ(Digital Footprint) များအကြောင်းတို့ကို အသေးစိတ် ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်အတွင်းမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)