သရက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက်အထောက်အကူပြုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်ဆေးစက်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ကျောက်ကပ်သွေးသန့်စင်ဌာန ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ညွန့်ရွှေအောင်က ကျောက်ကပ်သွေးသန့်စင်ဌာန လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံ ဖျာနာကုဆောင် အထူးကုဆရာဝန်(ဆေးပညာ)ဒေါက်တာ ရဲကျော်မိုးက ကျောက်ကပ်သွေးသန့်စင်ဌာန လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားပေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)