အလုံ ဖေဖော်ဝါရီ ၁၉
၂၀၂၄ ခုနှစ်အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး/အကြံပေး၊နွေမှာအသင့်ရှိရေးနှင့်အညီ မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အလုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် လုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ အသင့်ဆောင် ရွက်ထားရှိမှုများ၊ မီးသုံးစွဲမှုများ၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု (စနစ်ကျ/မကျ)များစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)