မြို့သစ်မြို့နယ်တွင် နွေစပါးနှင့်နွေသီးနှံစိုက်ပျိုးရေးအတွက် ဆည်တမံများမှ စိုက်ပျိုးရေ စတင်ပေးဝေပြီဖြစ်

မြို့သစ် ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိတောင်သူများ ၂၀၂၃-၂၀၂၄ခုနှစ်၊ နွေစပါးနှင့်နွေနှမ်းစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစတင်၍ ဆည်တမံများမှ စိုက်ပျိုးရေများစတင်ပေးဝေနေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် နွေစပါးလျာထားဧက (၆၇၁၇)ဧက၊ နွေနှမ်းလျာထားဧက (၃၆၈၉)ဧက လျာထားဆောင်ရွက်လျက်ရှိပြီး နတ်မောက်တမံမှ(၆၈၄၀)ဧက၊ ပုလင်းတမံမှ (၇၀၀)ဧက၊ စွန်ဆည်တမံမှ (၁၈၀၀)ဧကနှင့်ဆဒ္ဒန်ဆည်တမံမှ (၁၀၆၆)ဧက စုစုပေါင်းနွေစပါးနှင့်နွေနှမ်းလျာထားဧက (၁၀၄၀၆)ဧကအတွက် စိုက်ပျိုးရေပေးဝေခြင်းဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)