ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် Ocean Supercenter တွင် မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်က မီးဘေးလုံခြုံရေးအသိပညာများဆွေးနွေးတင်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် ပိုလန်နိုင်ငံထုတ် မီးသတ်ယာဥ်များဖြင့် လေ့ကျင့်မှုများကို Ocean Supercenter (တာဝန်ခံ)နှင့် ဝန်ထမ်းများပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်မီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ Ocean Supercenterမှ ဝန်ထမ်းများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)