ခရမ်း ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းများ၊ တကောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် တကောကန်ကျေးရွာ ဘုန်းတာ်ကြီးကျောင်းဓမ္မာရုံတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီမှ ပန်းခင်းစီမံချက် (၃) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric များ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းမှ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အသစ်/ လဲလှယ်) ခြင်းများ ပြုလုပ်ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များနှင့် ပန်းခင်းစီမံချက် (၃) ဆောင် ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ၏ ရပိုင်ခွင့်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတို့ လိုက်နာရမည့် စည်းကမ်းချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းလျှောက်ထားမှု၊ မွေးဖွားသေဆုံး/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းတို့၏ အရေးပါပုံတို့နှင့်အတူပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံးပျက်စီးမှုများရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်းနှင့် နိုင်ငံသားကတ်ပြား၏ တန်ဖိုးနားလည်စေရန်နှင့် ဌာနမှ biometric လုပ်ငန်းများဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြုလုပ်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းတို့က ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပန်းခင်းစီမံချက် (၃) ဖြင့် တကောကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ (၁၅၂) ဦးတို့ကို နိုင်ငံသားစိစစ်ရးကပ်နှင့် Biometric များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း