သတင်းများ

မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 08,2024
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ “Invest in Women Accelerate Progress” “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး”ဖြစ်ပြီး မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေးကို ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ချီဖွေမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/သူ (၄၂) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 08,2024
၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ (၄၂) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 08,2024
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်လူရွယ်များ စာပေဗဟုသုတကြွယ်ဝပြီး ဘဝရည်မှန်း ချက်ပန်းတိုင် များ ကောင်းမွန်စွာလျှောက်လှမ်းနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲ ပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် လူငယ်များအတွက် တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်းလုံးနှင့် ဝူရှူး သင်တန်းများ အခမဲ့ဖွင့်လှစ်
Mar 08,2024
လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်အတွက် ရည်ရွယ်၍ ဒေါပုံမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များအတွက် တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ရိုးရာခြင်းလုံးနှင့် ဝူရှူးသင်တန်းများကို အခမဲ့အဖြစ် မတ်လ(၆)ရက်နေ့ နံနက် (၉) နာရီအချိန်က စတင်ကာ မြို့နယ်အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်ခရိုင် အမျိုးသမီး ကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တီးတိန်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 08,2024
ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
ကျိုင်းတုံမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က ကျောင်း စာစစ်ဌာနများ မီးဘေးလုံခြုံစေရန် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားရှိသော အ.ထ.က ကျောင်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
နတ်တလင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ (အခမဲ့) ပန်းချီသင်တန်း ဖွင့်လှစ်
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ပန်းချီပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီ (အခမဲ့) သင်တန်းအဖြစ် ပန်းချီသင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။